လသာမြို့နယ်တွင် Box ကားတစ်စီး ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား

0
322

ရန်ကုန်တိုင်း၊လသာမြို့နယ်၊(၁၉)လမ်းနှင့်အနော်ရထာလမ်းထောင့်တွင် အောက်တိုဘာ ၁၈ ရက် (ယနေ့)နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က Box ကားတစ်စီး ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကားခေါင်းခန်းကနေ ဝါယာရှော့ဖြစ်ပြီးလောင်တာပါ လူထိခိုက်တာမရှိပါဘူး ကားခေါင်းခန်းကတော့ပျက်စီးတာတွေရှိတယ် မီးလောင်ချိန် ၅ မိနစ်လောက်ကြာခဲ့တယ်”ဟု လသာမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Box ကားမီးလောင်မှုအား ကျောက်တံတားမြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၆ နာရီ ၂၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here