တွဲကားအားကွေ့ရှောင်သည့် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ မြောင်းကူးတံတားဘောင်ကိုဝင်တိုက်မိခဲ့မှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား

0
240

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊ပြည်တော်သာအနီးရှိ ပုလဲလမ်းမထိပ်တွင် အောက်တိုဘာ ၁၇ ရက်ညပိုင်းက အိမ်စီးကားမှ တွဲကားအားကွေ့ရှောင်စဥ် အရှိန်မထိန်းနိုင်ဘဲ မြောင်းကူးတံတားဘောင်အား ဝင်တိုက်မိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“တွဲကားကိုကွေ့ရှောင်လိုက်တာမှာဖြစ်သွားတာပါ အိမ်စီးကားမောင်းတဲ့လူက မေးစေ့ကွဲသွားတယ် နောက်ပြီးပွန်းပဲ့ဒဏ်ရာတွေရတယ် မစိုးရိမ်ရပါဘူး ကားခေါင်းပိုင်းပျက်စီးတာတွေရှိတယ်”ဟု လူမှုကူညီရေးအသင်းဝင်ဝစ်ဦးကပြောသည်။

ဖြစ်စဥ်မှထိခိုက်ဒဏ်ရာရရှိခဲ့သည့် အိမ်စီးကားမောင်းသူအား တွဲလက်လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-တွဲလက်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here