ဂါဇာကမ်းမြှောင်ရှိ ဆေးရုံတစ်ရုံ အင်္ဂါနေ့က ဗုံးဖြင့်တိုက်ခိုက်ခံရမှုတွင် ‌ေ-သဆုံးသူအားလုံးမှာ အရပ်သားများဖြစ်

0
252

ဂါဇာကမ်းမြှောင်ရှိ ပြည်သူ့ဆေးရုံတစ်ရုံတွင် အင်္ဂါနေ့က ဗုံးဖြင့်တိုက်ခိုက်ခံရမှုတွင် ‌ေ-သဆုံးသူအားလုံးမှာ အရပ်သားများသာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ဂါဇာကမ်းမြောင်က ဆေးရုံကို တိုက်ခိုက်မှုမှာ ‌ေ-သဆုံးသွားသူအားလုံးဟာ အရပ်သားတွေပါပဲ” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း Al Jazeera သတင်းဌာနက ရေးသားဖော်ပြထားသည်။

“ပါလက်စတိုင်းနဲ့ အစ္စရေးတို့ကြား ဖြစ်ပွားခဲ့တဲ့ တခြားပဋိပက္ခတွေမှာ ဒီဆေးရုံကို ခုလိုတစ်ခါမှ မတိုက်ခိုက်ဖူးပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ “အခု အနီးနားက တခြားဆေးရုံတွေ အတွက် စိတ်ပူနေရပြီ”ဟုလည်း သူက ဆက်လက်ပြောကြားသည်။

အင်္ဂါနေ့တွင် ဂါဇာကမ်းမြောင်အလယ်ပိုင်း ခရိုင်များတွင် အားပြင်းသော ဗုံးပေါက်ကွဲမှုများ အများအပြား ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ ဆေးရုံ အဆောက်အအုံ ကြီးကြီးမားမား ပျက်စီးသွားခဲ့ကြောင်း အာရပ်မီဒီယာများက ဖော်ပြသည်။ ယင်းပေါက်ကွဲမှုများသည် အစ္စရေးလေတပ်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုဟု သတ်မှတ်ခဲ့ကြောင်း Al Hadath ရုပ်မြင်သံကြားကဆိုသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)ကမူ ဂါဇာကမ်းမြောင်ရှိ ပြည်သူ့ဆေးရုံကို ဒုံးကျည်ဖြင့်ပစ်လွှတ်တိုက်ခိုက်မှုတွင် အစ္စလမ္မစ်ဂျီဟတ်အဖွဲ့သာလျှင် တာဝန်ရှိကြောင်း ရင်းမြစ်မျိုးစုံမှ ထောက်လှမ်းရေးသတင်းများကို ကိုးကား၍ ပြောကြားခဲ့သည်။

Al Arabiya သတင်းဌာန၏ နောက်ဆုံး အ‌ေ-သအပျောက် အစီရင်ခံစာ အရ အဆိုပါ အဖြစ်ဆိုးတွင် သေဆုံး ဒဏ်ရာရသူ အရေအတွက် စုစုပေါင်း ၈၀၀ ကျော်သွားပြီ ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here