မြဝတီခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးဝင်းအတွင်း၌ ပစ်ခတ်မှုဖြစ်ပွားကာ ကျန်းမာရေးဝန်ထမ်းတစ်ဦး ‌ေ‌-သဆုံး

0
222

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ အောက်တိုဘာ (၁၇) ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ (၅) နာရီခွဲခန့်က အမည်မသိ အမျိုးသား (၂) ဦးသည် မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြဝတီခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးဝင်းအတွင်းသို့ ဝင်ရောက်လာကာ ရုံးဝင်းအတွင်း သစ်ပင်အောက်၌ ထိုင်နေသည့်ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သော ကိုစိုးမင်းအောင် (၃၀) နှစ်အား ‌ေ-သနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ပစ်ခတ်ခံရတဲ့ ဝန်ထမ်းက ဌက်ဖျားတိုက်ဖျက်ရေးဌာနက ဝန်ထမ်းတစ်ယောက်ပါ။ ကျည်ထိမှန်ဒဏ်ရာတွေရသွားတဲ့အတွက် ဆေးရုံမှာအရေးပေါ် ဆေးကုသနေတုန်း ည (၆) နာရီခွဲလောက်မှာ ‌ေ-သဆုံးသွားပါတယ်”ဟု မြဝတီမြို့ အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လွန်ခဲ့သည့်တလ​ကျော် စက်တင်ဘာ ၃ ရက်ညပိုင်းကလည်း မြဝတီခရိုင်ရဲစခန်းအတွင်းသို့ Drop Bomb ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ခရိုင်ရဲမှူးနေအိမ်အနီးနှင့်ခရိုင်ရဲစခန်း အစည်းအဝေးခန်းမတို့ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ ၅ ဦး‌ေ-သဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့​သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here