စွမ်းအင်ကဏ္ဍ အပါအဝင်လုပ်ငန်းကဏ္ဍ အများအပြားတွင် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန်ဖိတ်ခေါ်

0
181

မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ အပါအဝင်လုပ်ငန်းကဏ္ဍ အများအပြား၌ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ဖိတ်ခေါ်ထားသည်။

ယူနန် – မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရန် ဆွေးနွေးပွဲတွင် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ အဓိက ထွက်ကုန်ဖြစ်တဲ့ စိုက်ပျိုးရေးထွက်ကုန် အများစုက တရုတ်ပြည်ကို တင်ပို့တာဖြစ်ပါတယ်။ တရုတ်ပြည်သို့ ပို့ကုန်တိုးမြှင့် တင်ပို့တဲ့အခါမှာ သွင်းကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့  YPGCC က ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုပါတယ်။ မြန်မာနိုင်ငံမှာ စွမ်းအင်ကဏ္ဍ အပါအဝင်လုပ်ငန်းကဏ္ဍ အများအပြားမှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ ဖိတ်ခေါ်လိုပါတယ်။ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကုန်သွယ်မှုတိုးမြှင့်နိုင်ဖို့ ပုဂ္ဂလိကကဏ္ဍကို ကိုယ် စားပြုထားတဲ့ အသင်းချုပ်နဲ့ YPGCC ရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်”ဟုကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ အထွေထွေ ကုန်သည်များအသင်း Yunnan Provincial General Chamber of Commerce (YPGCC)၏ ဥက္ကဋ္ဌ Dr. Gao Feng ဦးဆောင်သော ယူနန်စီးပွားရေး လုပ်ငန်းရှင်များနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုတိုးမြှင့်ရန် အတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၇) ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ နှစ်ဖက်လုပ်ငန်းရှင်များ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here