ရေးတွင် လဖက်ရည်သောက်နေသည့် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ပစ်ခတ်ခံရ၍‌ေ-သဆုံး

0
186

မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ လဖက်ရည်ဆိုင်၌လဖက်ရည်သောက်နေသည့် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်း(၅၂)နှစ်သည် ယနေ့ အောက်တိုဘာ (၁၈) ရက် နံနက်ပိုင်းက ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် (၇) နာရီကျော်ခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိ အမျိုးသားတစ်ဦးမှ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ လဖက်ရည်ဆိုင်တွင် တစ်ဦးတည်းထိုင်ကာ လဖက်ရည်သောက်နေသည့် ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်လင်းအား ‌ေ-သသေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးဦးဇော်နိုင်လင်းမှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်၍ ပြစ်မှုကျူးလွန်သူမောင်းနှင်ထွက်ပြေးသွားသည့် ရေးမြို့ပြည်သူ့ဆေးရုံဘက်အား ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြု လုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here