ပုဂံရှေးဟောင်း ယဥ်ကျေးမှုနယ်မြေအား ဧရိယာအပိုင်း(၁၁)ပိုင်းခွဲ၍သန့်ရှင်းရေးများလုပ်လျက်ရှိ

0
425

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေအားသန်းရှင်းရေးပြုလုပ်ရာတွင် ဧရိယာအပိုင်း (၁၁)ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း မိုးရွာသွန်းမှုများခြင်းနှင့်အတူ ပေါင်းမြက်များထူ ထပ်စွာပေါက်ရောက်နေမှု၊ ဘုရားများအနီး ကပ်၍ပေါက်နေသည့် ကန္တာရပင်များ၊ ရှားဇောင်းပင်များ၊နမဏိသံလျက်ပင်၊ ကောက်ကွေ့ပင်များရှင်းလင်းမှုတို့ကို ဧရိယာအပိုင်းခွဲကာ ခရီးသွားရာသီအမီ ရှင်းလင်းလျက်ရှိခြင်းဖြစ်သည်။

ဧရိယာအပိုင်းခွဲ၍ဆောင်ရွက်ရာ၌ ရှေးဟောင်းအဆောက်အအုံများပေါ်တွင်ပေါက်ရောက်နေသည့် အပင်များကိုလည်း စဉ်ဆက်မပြတ်ရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပုဂံမြို့ဟောင်းနှင့် ကျုံးဘေးတဝိုက်၊ အိမ်တော်လမ်းဘေး၊ ဂေါက်ကွင်းအတွင်းရှိ ဘုရားများအနီး၊ သမ္ဗူလဘုရား တံတိုင်းပတ်လည်နှင့် ဝက်ကြီးအင်းတဝိုက်တို့တွင်လည်း သန့်ရှင်းရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here