ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် (၉) လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ (၇၀) ဦး ‌ေ-သဆုံးခဲ့ရ

0
159

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလကုန်အထိ (၉)လအတွင်း ယာဉ်မတော်တဆမှုပေါင်း (၁၂၆) မှု ဖြစ်ပွားခဲ့ပြီး လူ (၇၀)ဦး‌ေ-သဆုံးကာ (၂၅၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ အောက်တိုဘာ (၁၇)ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ (၉) လအတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုပေါင်း (၁၂၃) မှု ဖြစ်ပွားခဲ့ပြီး၊ (၄၅) ဦး ‌ေ-သဆုံးခဲ့ကာ (၁၈၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုများတွင် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ကာလတူ နှိုင်းယှဉ်ပါက ယခုနှစ်တွင် ယာဉ်တိုက်မှု (၃) မှု ပိုခဲ့ပြီး ‌ေ-သဆုံးသူမှာ ယခုနှစ်တွင် (၇၀) သေဆုံးခဲ့သည့်အတွက် ယမန်နှစ် ကာလတူ နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်တွင် (၂၅) ဦး ပိုများကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here