အေးခဲအသားများကို နိုင်ငံတကာဈေးကွက်သို့ တရားဝင်တင်ပို့မည်

0
359

ပြည်တွင်း၌ ပြုပြင်ထုတ်လုပ်သည့် အေးခဲအမဲသား၊ အေးခဲဆိတ်သား၊ အေးခဲဘဲသား စသည့် အေးခဲအသားများကို တရုတ်အပါအဝင် ပြည်ပဈေးကွက်သို့ တရားဝင်တင်ပို့နိုင်ရန် စီစဉ်နေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“အေးခဲသားတွေကို ခုထိတရားဝင်တင်ပို့တာ မရှိသေးဘူး။ ဒါပေမဲ့ တရားဝင်တင်ပို့ဖို့အတွက် တရုတ်နိုင်ငံနဲ့ စတင်ဆောင်ရွက်မယ်။ နောက်ဆိုလည်း ကိုယ့်ဆီက အေးခဲအသားယူမယ့် နိုင်ငံတွေ သူတို့ရဲ့ ကျန်းမာရေးစစ်ဆေးမှု လိုအပ်ချက်တွေ လိုက်နာပြီး ဆောင်ရွက်မှာပါ”ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက နိုင်ငံပိုင်သတင်းစာသို့ ဖြေကြားထားသည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူများနှင့် အဆင့်မီ သားသတ်ရုံများ တည်ဆောက်ရန် ဆွေးနွေးနေပြီး နေပြည်တော်၊ ပဲခူးနှင့် မိတ္ထီလာတို့၌ တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဇုန်များ တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ G to G အပြင် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ GACC ခွင့်ပြုချက်ဖြင့် ကျွဲ ၊ နွားအရှင်အပါအဝင် အေးခဲအသားများ တင်ပို့ရန်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ထို့အပြင် နိုင်ငံအတွင်း အေးခဲအသားထုတ်လုပ်ရန် လိုအပ်သည့် အရည်အသွေး၊ လိုက်နာရမည့် ကျင့်စဉ်များအတွက် အမိန့်ညွှန်ကြားချက်များကို မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here