ရွာငံတွင် လူ (၄)ယောက်က ကားငှားစီးပြီး ပိုင်ရှင်ကို ရိုက်နှက်ကာ ကား၊ ဖုန်းနှင့် လက်စွပ်တို့ကို လုယက်သွား

0
289

ရှမ်းပြည်နယ်၊ ရွာငံမြို့၏ မြောက်ဘက် (၁၄) မိုင်အကွာရှိ ရုံတောင်ရွာ အောက်ဖက်တွင် လူ (၄)ယောက်က ကားငှားစီးပြီး ကားပိုင်ရှင်ကို ရိုက်နှက်ကာ 9H/6302 Success ကားအဖြူရောင်၊ ဖုန်းနှင့် လက်စွပ်တို့ကို လုယက်ယူဆောင်သွားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ရွာငံနားမှာ အဖေကို ရိုက်ပြီး ကားနဲ့ ဖုန်း၊ လက်စွပ်ယူသွားလို့ပါရှင့်။ ကျေးဇူးပြုပြီး ကူညီပေးကြပါရှင့်။ ကျွန်မတို့မှာ ဒီကားလေးပဲရှိလို့ပါ။”ဟု လုယူခံရသူ၏ သမီးဖြစ်သူက ပြောသည်။

ရွာငံမြို့၏ မြောက်ဘက် (၁၄) မိုင်အကွာ၊ ရုံတောင်ရွာ အောက်ဖက်တွင် အောက်တိုဘာ (၁၅) ရက် နံနက် (၁၀) နာရီ ဝန်းကျင်က လူ (၄)ဦးက ကားငှားစီးပြီး ကားပိုင်ရှင်ကို ရိုက်နှက်ကာ ကား၊ ဖုန်း၊ လက်စွပ်တို့ကို လုယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here