သာကေတ (၁၀၈) တောင် ဘုရားအနီးတွင် ရပ်ထားသည့် Taxi အား ဆိုင်ကယ် ဝင်တိုက်မိကာ ဆိုင်ကယ်မောင်းသူဒဏ်ရာရ

0
169

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ (၁၀၈) တောင်ဘုရားအနီးတွင် ယနေ့ အောက်တိုဘာ (၁၈) ရက် မွန်းတည့် (၁၂) နာရီခွဲခန့်က လမ်းဘေး၌ ရပ်ထားသည့် Taxi အား ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“Taxi က ကွန်ကရစ်လမ်းဘေးက မြေသားလမ်းပေါ်မှာရပ်ထားတာ။ အဲဒါကို ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိသွားတယ်။ ဆိုင်ကယ်မောင်းတဲ့ ကောင်လေးက အသက်(၂၅)နှစ်လောက်ရှိပြီ။ အဲဒီကောင်လေးရဲ့ ခေါင်းမှာဒဏ်ရာရသွားတယ်” ဟု သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်မောင်းသူအား သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အောင်သပြေလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here