မလေး၌ ၆ နှစ်အရွယ်ကလေး အဝတ်လျှော်စက်ထဲပြုတ်ကျသေဆုံး

0
259

အီပိုး၊အောက်တိုဘာ ၁၈

မလေးရှားနိုင်ငံ ပီရတ်ခ်ပြည်နယ်မှ ကလေးငယ်တစ်ဦးသည် အဝတ်လျှော်စက်အတွင်းပြုတ်ကျနေခဲ့ပြီး သတိလစ်နေရာမှ တနင်္လာနေ့ (အောက်တိုဘာ ၁၆ ရက်) တွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါကလေးငယ်သည် စက်ဖွင့်ထားစဉ်အချိန်၌ အဝတ်လျှော်စက်ပေါ်တက်ခြင်းဖြစ်နိုင်ကြောင်း အာဏာပိုင်များကခန့်မှန်းကြသည်။

အဆိုပါကလေးငယ်သည် အော်တစ်ဇင်ဖြစ်နေသည့်ကလေးငယ်တစ်ဦးဖြစ်ကာ တစ်မိသားစုလုံးအိပ်ပျော်နေချိန် မနက်ကိုးနာရီခွဲအချိန်တွင် ယခုကဲ့သို့ ဖြစ်သွားခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

ယင်းနောက် ကလေး၏အဘွားဖြစ်သူက ကလေးငယ်အား အဝတ်လျှော်စက်ထဲတွင်တွေ့ရှိရသဖြင့် ဆေးရုံသို့အမြန်ပို့ဆောင်ခဲ့သော်လည်း မနက် ၁၁ နာရီခန့်တွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကလေးငယ်သေဆုံးရခြင်းအကြောင်းအရင်းမှာ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားခြင်းကြောင့်ဖြစ်သည်ဟု စစ်ဆေးမှုရလဒ်များအရသိရပြီး စျာပန အခမ်းအနားကိုဗုဒ္ဓဟူးနေ့တွင်ပြုလုပ်မည်ဖြစ်ကာ ယခုအမှုအား စုံစမ်းစစ်ဆေး လျှက်ရှိသည်ဟုလည်းပြောကြားခဲ့သည်။

Source : Banama


LEAVE A REPLY

Please enter your comment!
Please enter your name here