ဂါဇာရှိ ပါလက်စတိုင်းများကို အစ္စရေး၏တိုက်ခိုက်မှု ရပ်တန့်ရမည်ဟု အီရန်ခေါင်းဆောင်ပြောကြား

0
187

ဒူဘိုင်း၊အောက်တိုဘာ ၁၇

အီရန်နိုင်ငံတော် အကြီးအကဲ အယာတိုလာ အလီခါ မေနီက ဂါဇာကမ်းမြောင်ကို အစ္စရေး၏ ချေမှုန်းမှုသည် ပါလက်စတိုင်းများကို လူမျိုးတုံးသ-တ်ဖြတ်သကဲ့သို့ဖြစ်နေပြီဖြစ်၍ ချက်ချင်းရပ်တန့်ရမည်ဟုပြောကြားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံက အောက်တိုဘာ ၁၇ ရက်တွင်ဖော်ပြခဲ့သည်။

အီရန်တော်လှန်ရေးတပ်၏ အကြီးတန်းတပ်မှူးတစ်ဦးကလည်း တေရန်ကျောထောက်နောက်ခံပြုထားသည့် စစ်သွေးကြွအုပ်စုများအား အစ္စရေး၏တိုက်ခိုက်မှုများကို ရပ်တန့်ခြင်းမရှိပါက အစ္စရေးအားထပ်မံအရေးယူမည်ဟုလည်း သတိပေးခဲ့သည်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့၏စတင်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁,၄၀၀ ကျော်‌ေ-သဆုံးခဲ့ရသဖြင့် ဟားမတ်စ်အားအပြီးသ-တ်ချေမှုန်းမည်ဟုဆိုကာ အစ္စရေးဘက်မှလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုတွင် ပါလက်စတိုင်းဒေသခံ ၂,၈၀၀ ကျော်‌ေ-သဆုံးခဲ့ပြီး ‌ေ-သဆုံးသူများ၏လေးပုံတစ်ပုံသည် က-လေး-ငယ်များဖြစ်သည်ဟု ဂါဇာအာဏာပိုင်များကထုတ်ပြန်ကြေငြာခဲ့သည်။

အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသအား ဝိုင်းပတ်ပိတ်ဆို့ထားမှုကြောင့်လည်း ဒေသခံများအတွက် ရိက္ခာ၊ရေနှင့်ဆေးဝါးပစ္စည်းများပြတ်လပ်နေပြီဖြစ်သည်။ သို့သော် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အစ္စရေးဘက်မှ ငါးနာရီကြာသည်အထိအပစ်အခတ်ရပ်စဲပေးခဲ့ပြီး ဂါဇာကမ်းမြောင်သို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးပို့စေခဲ့သည်။

Source : Reuters

Photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here