တညင်းကုန်း လမ်းဆုံအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦး စိုးရိမ်ရ ဒဏ်ရာရ

0
151

ယနေ့ အောက်တိုဘာ (၁၈) ရက် ည (၇) နာရီခွဲ ဝန်းကျင်က အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ခရေပင်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦး စိုးရိမ်ရ ဒဏ် ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

” တညင်းကုန်း လမ်းဆုံနားမှာဖြစ်တာပါ။ ခေါင်းခန်းမှာပါတဲ့ အမျိုးသမီးတစ်ဦး အနီရောင်အဆင့် ဖြစ်တယ်။ ခေါင်းခန်းထဲ ညပ်နေတာဟုတ်ပါတယ်။ အခု ဆေးရုံပို့လိုက်ပါပြီ” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုမှ ဒဏ်ရာရ လူနာအား ည (၇) နာရီ (၅၁) မိနစ်အချိန်တွင် ကယ်ထုတ်နိုင်ကယ်ပြီး လူနာအားသွေးဒါနမျိုးဆက်ပရဟိတအသင်း လူနာတင်ယာဉ်ယာဉ်ဖြင့် အ င်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၁၆) ရက် ညပိုင်းကလည်း တညင်းကုန်းဈေးအနီးရှိ၊ ၁၄ လမ်းဆုံအနီး ပုလဲလမ်းမပေါ်တွင် လူနာတင်ယာဉ်တစ်စီးမှ လမ်းဘေးတွင်ရပ်ထားသည့် တွဲကားအား ဝင်တိုက်မိခဲ့ကာ လူမှုကူညီရေးအသင်းဝင်တစ်ဦးနှင့် ယာဉ်ပေါ်ပါ လူနာတို့ ‌ေ-သဆုံးခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here