အစ္စရေးသည် ဂါဇာတွင် အကြမ်းဖက်များကို တရားဝင်ပစ်မှတ်ထားသော်လည်း အရပ်သားများသာလျှင် ဒုက္ခရောက်နေကြဟု အစ္စရေးဝန်ကြီးချုပ်ပြောကြား

0
215

ပါလက်စတိုင်းနယ်မြေအတွင်းရှိနေကြသည့် အကြမ်းဖက်ပစ်မှတ်များကိုသာ အစ္စရေးက တရားဝင်ပစ်မှတ်ထား၍ တိုက်ခိုက်နေသော်လည်း ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားများ ဒုက္ခရောက်နေကြခြင်း၏ အပြစ်သည် ဟားမတ်စ် အစွန်းရောက် လှုပ်ရှားမှုနှင့်သာ သက်ဆိုင်သည်ဟု အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကပြောကြားလိုက်သည်။

“အစ္စရေးက အကြမ်းဖက်သမားတွေကို တရားဝင် တိုက်ခိုက်မှုတွေ လုပ်တဲ့အခါ ကံမကောင်းစွာနဲ့ပဲ အရပ်သားတွေ ဒုက္ခရောက်ရတယ်” ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက တနင်္လာနေ့ အစောပိုင်းတွင် တဲလ်အဗစ်မြို့သို့ ရောက်ရှိခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဲဒါဟာ ဟားမတ်စ်မှာ တာဝန် အပြည့်ရှိပြီး အရပ်သား အသေအပျောက် အားလုံးကို တာဝန်ယူရမှာပါ” ဟုလည်း နေတန်ယာဟုက ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်က ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများ ထိခိုက်သေဆုံးမှု တတ်နိုင်သမျှ လျှော့ချရန် ၎င်း၏နိုင်ငံအား အလေးပေးပြောကြားခဲ့ပြီး အစ္စရေးစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေသည့် ခရိုင်များရှိ အရပ်သားများအနေဖြင့် ဘေးလွတ်ရာဒေသများဆီသို့ ပြောင်းရွှေ့နေထိုင်ရန် ဒေသခံများအား ထပ်မံတောင်းဆိုခဲ့သည်။

“ဒီစစ်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဦးမှာဖြစ်တာကြောင့် အစ္စရေးအနေနဲ့ အရပ်သားတွေကို ထိခိုက်မှုကနေ ကာကွယ်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ “ကျနော်တို့က သူတို့ကို ဘေးကင်းတဲ့ နေရာတွေဆီ ပြောင်းရွှေ့ဖို့ ဆက်လက် တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”ဟုလည်း ဝန်ကြီးချုပ်ကပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here