ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခု မြေပြိုကျမှုဖြစ်စဉ်ကြောင့် ၁ ‌ဦး‌ေ-သ ၂ ဦးဒဏ်ရာရ၊ ‌မြေပြင်အခြေအနေမှာ ဒီထက်များနိုင်ဟုဆို

0
114

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာ အုပ်စု၊ ဆန်ခါကျေးရွာအနီးရှိ ကျောက်စိမ်းတူး‌ဖော်ရေးလုပ်ကွက်တစ်ခုတွင် မြေပြိုကျမှု ယမန်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည်် လုံးခင်းကျေးရွာ အုပ်စု၊ ဆန်ခါကျေးရွာရှိ လုပ်ကွက်တစ်ခုတွင် အောက်တိုဘာ ၁၈ ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရေမဆေးလုပ်သား တစ်ဦး၏ ပြောပြချက်အရသိရသည်။

“‌ေ-သဆုံးသူတွေက တွေ့တဲ့သူထက်များတယ်” ဟု ရေမဆေးလုပ်သားတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ပြိုကျမြေစာပုံသည် ပေ ၇၀ ခန့်မြင့်ပြီး လက်ရှိအချိန်တွင် ရေမဆေးလုပ်သား ၁ ‌ဦး‌ေ-သဆုံးကာ၂ ဦးဒဏ်ရာရှိကြောင်းသာ သတင်းထုတ်ပြန်ထားပြီး ဆန်ခါကျေးရွာမှ မြင့်မြတ်သူ လူမှုကူညီရေးအသင်းမှ မိုင်ဆေးခန်းသို့ပို့ဆောင်ထားကြောင်း သိရသည်။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here