တောင်ဥက္ကလာပမြို့နယ်တွင် ကားနှင့်ဆိုက်ကားတိုက်မိ၍ ၃ ဦးဒဏ်ရာရ

0
288

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊ ၅/၇ ဗြဟ္မစိုရ်လမ်းတွင် အောက်တိုဘာ ၁၈ ရက်ည ၇ နာရီခွဲကျော်ခန့်က ကားနှင့်ဆိုက်ကားတိုက်မိခဲ့ကြောင်း မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

“ဆိုက်ကားပေါ်က ၃ ယောက်ဒဏ်ရာရတယ် အမျိုးသားတစ်ယောက်ရယ် အမျိုးသမီးတစ်ယောက်ရယ်က မစိုးရိမ်ရဘူး အမျိုးသမီးတစ်ယောက်က စိုးရိမ်ရတယ်”ဟု လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအား မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မေတ္တာသီတာရေစင်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here