ရခိုင်ပြည်နယ်အတွင်း ရိုးရာရက်ကန်းလုပ်ငန်း၊ဆန်စပါးလုပ်ငန်းနှင့်ရေထွက်ကုန်လုပ်ငန်းများကို အား​ပေးမြှင့်တင်မည်

0
165

ရခိုင်ပြည် နယ်အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ​ရခိုင်ပြည်နယ်အတွင်း ရှိလုပ်ငန်းများကို အောင်မြင်အောင်လုပ်​​ဆောင်ကြဖို့တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၇ ရက်မွန်းလွဲပိုင်းက ကျင်းပခဲ့သည့် ရခိုင်ပြည်နယ် အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးအေဂျင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအ ဝေးတွင် ​ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် အားပေးဆောင်ရွက်လျက်ရှိကာ ရခိုင် ပြည်နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံဆောင်ရွက်ရမည့်ဒေသဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ရိုးရာရက်ကန်းလုပ်ငန်းများသည် မိမိတို့ ၏ ဘိုးစဉ် ဘောင်ဆက်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများဖြစ်၍ ယင်းလုပ်ငန်းများကို အခြေခံပြီး ဒေသဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကာ ဆန်စပါးလုပ်ငန်းများတွင်လည်း မျိုးကောင်းမျိုးသန့်များရရှိရန် ဒေသခံတောင်သူများနှင့်ပူး ပေါင်း၍ မျိုးစေ့ထုတ်ဧက ၂၀၀၀ ကျော်ကို စိုက်ပျိုးထုတ်လုပ်ရန်ရည်မှန်းထားပြီးဖြစ်သည်ဟု ပြောသည်။

“မျိုးကောင်းမျိုးသန့်တွေအပြင် စိုက်ပျိုးနည်းစ နစ်တွေ မှန်ကန်ဖို့အတွက် လိုအပ်တဲ့သွင်းအားစုတွေကို ထိထိရောက်ရောက်အကျိုးရှိစွာအသုံးပြုနိုင်ဖို့ အရေးကြီးပါတယ် ဒါမှသာ ပန်းတိုင်အထွက်နှုန်းကိုရရှိနိုင်မှာဖြစ်ပါတယ် အဲဒီလို ဆောင် ရွက်နိုင်ဖို့အတွက် တောင်သူအသိပညာပေးလုပ် ငန်းတွေဆောင်ရွက်နေပါတယ်”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းကပြောသည်။

ထို့အတူ ရေထွက်ကုန်ပစ္စည်းများတွင်လည်း ရေ ချိုရေငန် ငါးများမျိုးဆက်မပြတ်စေရန် ငါးမျိုးစိုက်ထည့်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ဒေ သတွင်း ရေချိုရေငန်ငါးများကို စနစ်တကျမွေးထုတ်နိုင်ရန်နှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်လိုသည်ဟု ပြောသည်။

ရိုးရာရက်ကန်းလုပ်ငန်းများအတွက် သဘာဝဆိုး ဆေးနည်းပညာသင်တန်းများ၊အထည်ဒီဇိုင်းရေး ဆွဲခြင်းသင်တန်းများနှင့်လက်ရက်ကန်းသင်တန်းများ၊စက်ရက်ကန်းသင်တန်းများကို အားပေးမြှင့်တင်ပြီး သင်တန်းများတိုးမြှင့်ဖွင့်လှစ်သွားရမည်ဟု မှာကြားသည်။

ထို့ကြောင့် ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများရင်းနှီးမတည်ငွေရရှိရေးအတွက် စည်ကမ်းချက်နှင့်ကိုက်ညီသော လုပ်ငန်းရှင်များကို ချေး ငွေထုတ်ပေးနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့မှဆောင် ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်၏ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရန် အခြား တိုင်းနှင့်ပြည်နယ်များသို့ သွားရောက်လေ့လာရမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here