ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်နှင့်ကားတိုက်မိ၍ ဆိုင်ကယ်မောင်းသူဒဏ်ရာရ

0
215

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၊ပွေးတောင်နန္ဒဝန်ရပ်ကွက်ရှိ မန္တလေး-လားရှိုးသွားကားလမ်းတွင် အောက်တိုဘာ ၁၉ ရက်(ယနေ့)နံနက်အစောပိုင်းက ဆိုင်ကယ်နှင့်ကားတိုက်မိခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

“မန္တလေး-လားရှိုးသွားကားလမ်းပေါ်က Hotel Aster နားမှာတိုက်မိတာပါ ဆိုင်ကယ်မောင်းလာတဲ့လူက ခြေထောက်ကျိုးသွားပါတယ် မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်မောင်းသူအား သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


Photo-သန္တိသုခအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here