ပြင်ဦးလွင်မြို့တွင် အမျိုးသား နှစ်ဦး စကားများ ရန်ဖြစ်ရာမှ (၁)ဦး ဓ-ားဖြင့် အခုတ်ခံရ စိုးရိမ်ရ ဒဏ်ရာများရရှိ

0
181

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရကက(၁၉)၊ ငါးရံ့ချောင်းတွင် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ (၁)ဦး ဓ-ားဖြင့် အခုတ်ခံခဲ့ရပြီး စိုးရိမ်ရ ဒဏ်ရာများရရှိကြောင်း သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ အောက်တိုဘာ (၁၉) ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသည့် အမျိုးသားအား သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“အမျိုးသားနှစ်ဦး စကားများ ရန်ဖြစ်ရာကနေ အမျိုးသား (၁)ဦး ဓ-ားနဲ့ အခုတ်ခံရပြီး ဘယ်ဘက်နားရွက်၊ နောက်စေ့ ပြ-တ်ရှပြီး(စိုးရိမ်ရ)ကို အခင်းဖြစ်ရာနေရာကနေ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီခဲ့ပါတယ်”ဟု သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှ ဆိုသည်။

အဆိုပါ ဓ-ါးဖြင့် အခုတ်ခံရသူ အမျိုးသားမှာ ဘယ်ဘက်နားရွက်နှင့် နောက်စေ့ ပြ-တ်ရှပြီး (စိုးရိမ်ရ) ဒဏ်ရာရခဲ့သောကြောင့် အခင်းဖြစ်ရာ နေရာမှ ပြည်သူ့ဆေးရုံကြီး OPD သို့ သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းမှ အရေးပေါ်သူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here