ယခုဘဏ္ဍာနှစ်ဝက်အတွင်း တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေး မြင့်တက်လာ

0
177

တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေး ကဏ္ဍတွင် ယခုဘဏ္ဍာနှစ်၏ နှစ်ဝက်ကာလအတွင်း ကုန်သွယ်မှုပမာဏတိုးတက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လက်ရှိကာလအထိ တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၉ ဘီလီယံရရှိထားပြီး ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံ ၊ သွင်းကုန် တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၉၀၅ ဒသမ ၃၂၈ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ပြီးခဲ့သည့်နှစ် ကာလတူတွင် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်မှု အနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၃ ဘီလီယံရရှိခဲ့သည့်အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၅၃ ဒသမ ၀၇၄ သန်းတိုးလာကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

လက်ရှိတွင် ဆန်၊ ဆန်ကွဲမှလွဲ၍ ရေထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ကြက်သွန်နီနှင့် အခြားကုန်ပစ္စည်းများကို နေ့စဉ် ကုန်ကားအစီးရေ (၁၂၀) ဝန်းကျင်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေပြီး သွင်းကုန်တင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံဘက်မှ အစီးရေ ၂၀၀ ကျော် မြန်မာဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်မှုရှိကြောင်း နယ်စပ်ကုန်ရေး လုပ်ငန်းရှင်းများထံ မှ စုံစမ်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here