ပဲခူးတိုင်းတွင် MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်လှစ်

0
153

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဥဿာသီရိဈေး အပေါ်ထပ်တွင် MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်လှစ်ပွဲကို အောက်တိုဘာ (၁၉) ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်း MSMEs ထုတ်ကုန်များ အရောင်းစင်တာတွင် ပဲခူးတိုင်းအတွင်းရှိ (၂၈) မြို့နယ်မှ ထွက်ရှိသည့် ဒေသထွက် စားသုံးကုန်များ၊ လူသုံးကုန်များ၊ တိုင်းရင်းဆေးဝါးများ၊ စားဖိုဆောင်သုံး ပစ္စည်းများ၊ လယ်ယာသုံး စက်ကိရိယာများ ပစ္စည်း အမျိုးပေါင်း (၈၀) မျိုးကျော်အား ဆိုင်ခန်းပေါင်း (၃၇) ခန်းဖြင့် ပင်ရင်းဈေးအတိုင်း နေ့စဉ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အခမ်းအနား တက်ရောက် လာကြသူများက MSMEs ထုတ်ကုန် အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအား​ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here