လူဇင်ဘတ် နိုင်ငံသူကိုလည်း ၂ ပွဲဆက် အမှတ်ပြတ်အနိုင်ယူပြီး ကွားတားဖိုင်နယ် အဆင့်သို့ တက်ရောက်သွားသည့် သက်ထားသူဇာ

0
226

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၁၆ ‌ဦးအဆင့်တွင် လူဇင်ဘတ် နိုင်ငံသူကို ၂ ပွဲဆက်အမှတ်ပြတ်ဖြင့်အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားကြောင်းသိရသည်။

သက်ထားသူဇာသည် UAE နိုင်ငံ၏မြို့တော် အဘူဒါဘီမြို့တွင် အောက်တိုဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် ABU DHABI MASTERS 2023 တွင်၀င်ရောက်ယှဥ်ပြိုင်နေခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ အထိ ချီးမြှင့်သွားမည် ဖြစ်‌ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရသက်ထားသူဇာသည် (၃၂) ဦိးအဆင့်မှစတင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး UAE နိုင်ငံသူ Sanika DhawaGURAV ယှဥ်ပြိုင်ကစားရာ ၂၁ မှတ် ၁၄ မှတ် ၊ ၂၁ မှတ် ၁၁ မှတ်၊ ၁၆ ဦးအဆင့်တွင် လူဇင်ဘတ်နိုင်ငံသူ Kim SCHMIDT ကို ၂၁ မှတ် ၈ မှတ်၊ ၂၁ မှတ် ၈ မှတ် ရလဒ်တို့ဖြင့်အနိုင်ရပြီး ကွာတားဖိုင်နယ်သို့တက်ရောက်လာခြင်းလည်းဖြစ်သည်။

သက်ထားသူဇာသည် ကွာတားဖိုင်နယ်အဆင့်တွင် ကမ္ဘာ့အဆင့် ၃၁၀ ရှိ အိန္ဒိယ နိုင်ငံသူ Shriyanshi VALISHETTY မနက်ဖြန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here