ဆီဒိုးနားဟိုတယ်(ရန်ကုန်)ကို ကန်ဒေါ်လာ ၅၇.၄ သန်းဖြင့် Spring Blossom Venture လုပ်ငန်းစုသို့ အပြီးသတ် ရောင်းချ

0
340

ရန်ကုန်မြို့ရှိ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်ကို အမေရိကန်ဒေါ်လာ ၅၇.၄ သန်းနှင့် အပြီးသတ်ရော င်းချလိုက်ကြောင်း ဆီဒိုးနားဟိုတယ်ကို ရာနှုန်းပြည့် ပိုင် ဆိုင်သည့် စင်ကာပူအခြေစိုက် Keppel Corporation ၏ ထုတ်ပြန်  ကြေညာချက်အရ သိရသည်။

ဆီဒိုးနားဟိုတယ်ကို ရာနှုန်းပြည့် ပိုင်ဆိုင်သည့် Keppel Land ဆီမှ ဟိုတယ်ကို လက်လွှဲဝယ်ယူလိုက်သည့် Spring Blossom Venture မှာလည်း စင်ကာပူအခြေစိုက်ဖြစ်ပြီး ကဏ္ဍစုံ ရင်းနှီးမြုပ်နှံမှုနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ အဓိက လုပ်ကိုင်နေသည့် လုပ်ငန်းစုတစ်ခုဖြစ် ကြောင်း သိရသည်။

Spring Blossom Venture အနေဖြင့်လည်း ဆီးဒိုးနားကို ဟိုတယ်အဖြစ် ဆက်လက်လုပ်ကိုင်ရန် ဆန္ဒရှိပြီး လက်ရှိတွင်  ရန်ကုန်ဟိုတယ်လုပ်ငန်းကို စီမံခန့်ခွဲ လုပ်ကိုင်လိုသည့် အော်ပရေတာအသစ်ကို ရှာဖွေနေကြောင်း သိရသ ည်။

Keppel Land က ဆီဒိုးနားဟိုတယ်(ရန်ကုန်)ကို ရောင်းချလိုက်ခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်မည့် ငွေဖော်ရေးအစီအမံများနှင့် ကိုက်ညီမှုရှိကြောင်း  ပြောဆိုထားသည်။

စင်ကာပူအစိုးရ ကျောထောက်နောက်ခံပြု Keppel Cor poration အနေဖြင့် ဆီဒိုးနားဟိုတယ် (ရန်ကုန်)ကို ရော င်းချနိုင်ရေး ၂၀၂၃ ခုနှစ် အစောပိုင်းကတည်းက စီစဉ်ခဲ့ကြောင်းနှင့် ဆီဒိုးနားဟိုတယ် (ရန်ကုန်)ကို ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၌ အစောဆုံး ဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာဟိုတယ် လုပ်ငန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here