သီတင်းကျွတ် ကာလအတွက် ချောင်းသာကမ်းခြေရှိ ဟိုတယ်အခန်းများ ပြည့်လုနီးပါးဖြစ်နေဟုဆို

0
236

သီတင်းကျွတ် ရုံးပိတ်ရက်ကာလတွင် လည်ပတ်တည်းခိုစရာများဘွတ်ကင်ပြည့်​နေကြပြီဖြစ်သည်။

“သီတင်းကျွတ်အတွက် ဟိုတယ်တွေ အားလုံးနီးပါး ပြည့်နေပြီ။ ပြည်တွင်းခရီးသွားတွေက အများဆုံးပဲ။ မကြာခင် အခန်းတွေအားလုံး ပြည့်သွားနိုင်တယ်”ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (ချောင်းသာ)မှ ဦးစီးအရာရှိ ဦးနိုင်အောင်က ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် သီတင်းကျွတ် ပိတ်ရက်ကာလတွင် ချောင်းသာနှင့် ငပလီကမ်းခြေဒေသများသို့ ခရီးသွား တစ်သောင်းကျော် ဝင်ရောက်ခဲ့ပြီး ချောင်းသာကမ်းခြေသို့ အများဆုံး ဝင်ရောက်ခဲ့ကာ စုစုပေါင်း (၁၀၂၀၁) ဦး ရှိခဲ့ကြောင်း သက်ဆိုင်ရာဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

“ရန်ကုန်-ပုသိမ်ကို မောင်းရင် ၅ နာရီလောက်ပဲ။ ခရီးစဉ်တိုတောင်းတယ်လေ။ သွားရလာရတာ လမ်းပန်း ဆက်သွယ်ရေးက လည်းကောင်းတယ်။ နောက် နေ့ချင်းပြန်တွေလည်း လာကြတာများတယ်”ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ချောင်းသာ ကမ်းခြေအပါအဝင် ပြည်တွင်းရှိ အပန်းဖြေလည်ပတ်စရာ နေရာများသို့ သီတင်းကျွတ် ရုံးပိတ်ရက်၊ ခရစ္စမတ် ရုံးပိတ်ရက်၊ နှစ်သစ်ကူး ရုံးပိတ်ရက်နှင့် သင်္ကြန်ရုံးပိတ်ရက်များတွင် ပြည်တွင်း ခရီးသွားများနှင့် ပြည်ပခရီးသွားဧည့်သည်များပါ သွားရောက်အပန်းဖြေလည်ပတ်မှုများ များပြားကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန စာရင်းဇယားများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here