ဆက်တိုက်ဖမ်းဆီးရမိနေသည့် စိတ်ပြောင်းဆေးဝါးများ မြစ်ကြီးနားမြို့တွင်လည်း ငွေကျပ်သိန်း ၁၀၀၀ ကျော်ဖိုးဖမ်းမိခဲ့

0
222

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား ပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်လည်း စိတ်ပြောင်းဆေးဝါး သိန်း(၁၀၀၀)ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ (၁၇) ရက်နံနက် (၁၁) နာရီ (၄၅) မိနစ်ခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်ရှိ ကျော်သူဝင်း (ခ) နေမင်းခန့်(၃၁)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း၌ ငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water (၈၉၈ ဂရမ်)နှင့် နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် TOYOTA MARK X ကားပေါ်မှ ကက်တမင်း(၁ ဒသမ ၅ ဂရမ်)တို့နှင့်အတူ ကျော်သူဝင်း(ခ)နေမင်းခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား မြစ်ကြီးနားနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here