စိန့်ပီတာစ်ဘတ်ဒေသရှိ မြို့တစ်မြို့နှင့်မြန်မာနိုင်ငံရှိ မြို့တစ်မြို့တို့ကြား Sister Cities အဖြစ်ဆောင်ရွက်သွားမည်

0
168

ရုရှားနိုင်ငံ၊စိန့်ပီတာစဘတ်ဒေသရှိ မြို့တစ်မြို့နှင့်မြန်မာနိုင်ငံရှိ မြို့တစ်မြို့တို့ကြား Sister Cities အဖြစ်ဆောင်ရွက်သွားရန် နစက ဥက္ကဋ္ဌနှင့်စိန့်ပီတာစ်ဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich တို့ဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌက Mr. Grigoriev Evgeny Dmitrievich အား အောက်တိုဘာ ၁၉ ရက်(ယနေ့) မွန်းလွဲပိုင်း၌ နေပြည်တော်တွင်လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ပညာရေး၊ကျန်းမာရေးနှင့်ခရီးသွားကဏ္ဍများအပြင် အခြားကဏ္ဍပေါင်းစုံ၌ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အဆင့်မြင့်ပညာသင်ကြားရေးဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်ရေး၊နှစ်နိုင်ငံကြားသံတမန်ဆက်ဆံမှုများတိုးမြှင့်ရေးအတွက် ရုရှားနိုင်ငံ၌ ကောင်စစ်ဝန်ရုံးများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ရုရှားနိုင်ငံ၊စိန့်ပီတာစဘတ်ဒေသရှိ မြို့တစ်မြို့နှင့်မြန်မာနိုင်ငံရှိ မြို့တစ်မြို့တို့ကြား Sister Cities အဖြစ်ဆောင်ရွက်သွားရေး၊ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာများအပြန်အလှန်ဖလှယ်ရေး၊ကုန်သွယ်မှုမြှင့်တင်ရေး၊ခရီးသွားကဏ္ဍမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒု- ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်နိုင်ငံခြားရေးဝန်ကြီး ဌာန ဒု-ဝန်ကြီးဦးလွင်ဦး၊ စိန့်ပီတာစဘတ် အစိုးရအဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here