ရုရှားက မြန်မာနိုင်ငံတွင် လယ်ယာအခြေပြုစီးပွားရေးလုပ်ငန်းများ လုပ်ရန်စိတ်ဝင်စားနေ

0
184

မြန်မာ-ရုရှား နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍပေါင်းစုံဖွံဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦးနှင့်ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr.Grigoriev Evgeny Dmitrie- vich တို့အောက်တိုဘာ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် မြန်မာ-ရှရှား နှစ်နိုင်ငံချစ်ကြည်ရေး၊နှစ်နိုင်ငံပြည်သူများ နားလည်မှုနှင့်ချစ်ခင်ရင်းနှီးမှုရှိစေရန် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံကြား စက်မှုကုန်ထုတ်လုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်း၊တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် လယ်ယာအခြေပြုစီးပွားရေးလုပ်ငန်းများ၊စိုက်ပျိုးရေးကဏ္ဍ၊စက်မှုကဏ္ဍများနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here