လင်းခေးမြို့နယ်တွင် ဆိုင်ကယ်ဘေးတွဲပေါ် တင်ထားသည့်ဗျောက်အိုးနှင့် မီးရှူးမီးပန်းများ ပေါက်ကွဲကာ (၂) ဦး ‌ေ-သဆုံး

0
239

အောက်တိုဘာ (၁၈) ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ ဝမ်ဟတ်ကျေးရွာအုပ်စု၊ ဝမ်ဟတ်ကျေးရွာတွင် ဆိုင်ကယ်ဘေးတွဲပေါ် တင်ထားသည့် ယမ်းပါသော ဗျောက်အိုး၊ မီးရှူးမီးပန်းများ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဗျောက်အိုးနှင့် မီးရှူးမီးပန်းများ ပေါက်ကွဲမှုကြောင့်အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁)ဦးတို့  အခင်းဖြစ်သည့်နေရာ၌ ‌ေ-သဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ (၁၈) ရက်၊ နံနက်ပိုင်းက ဘေးတွဲဆိုင်ကယ် မောင်းသူမှ ဘေးတွဲဆိုင်ကယ် စက်နှိုးရာ ဆိုင်ကယ်မှ ဆီယိုစိမ့်ကာ အင်ဂျင်ပူပြီး ဆိုင်ကယ်အား မီးစတင်လောင်ကျွမ်းခဲ့ပြီး ဗျောက်အိုးနှင့် မီးရှူးမီးပန်းများကိုပါ  မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်ဘေးတွဲပေါ်မှာ တင်ထားတဲ့ ယမ်းပါတဲ့ ဗျောက်အိုးတွေ၊ မီးရှူးမီးပန်းတွေကနေလောင်ပြီး ဆိုင်ကယ်နှိုးတဲ့ အမျိုးသားနဲ့ အဲဒီဆိုင်ကယ်ရဲ့ အနီးအနားမှာရှိနေတဲ့ အမျိုးသမီး တစ်ဦးတို့က ယမ်းပေါက်ကွဲပြီး ထိမှန်‌ေ-သဆုံးခဲ့တာပါ။” ဟု လင်းခေးမြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကို လင်းခေးမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား (၂) စီး၊ ဝမ်ဟတ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား (၁) စီးတို့ဖြင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သွားရောက် ကူညီခဲ့ပြီး ‌ေ-သဆုံးသူ (၂) ဦးကို ‌ေ-သမှု‌ေ-သခင်းဖွင့်ကာ ရဲတပ်ဖွဲ့မှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here