မဟာအောင်မြေမြို့နယ်တွင် အိမ်စီးကားက မီနီအိုးဝေနှင့်ဆိုင်ကယ် (၂) စီးကို ဝင်တိုက် (၁) ဦးဒဏ်ရာရ

0
210

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၄၂ လမ်းထောင့်တွင် အောက်တိုဘာ (၁၉) ရက်ညပိုင်းက အိမ်စီးကားမှ မီနီအိုးဝေနှင့် ဆိုင်ကယ် (၂) စီးကို ဝင်တိုက်မိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း
မဏီစလ လူမှုကူညီရေးအသင်းမှ သိရသည်။

“အိမ်စီးကားက မီနီအိုးဝေကို အရင်ဝင်တိုက်တယ်။ ပြီးတော့ဆက်တိုက်ဆိုသလို ဆိုင်ကယ်(၂)စီးကို ထပ်တိုက်မိသွာတာ။ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားတစ်ယောက်ဒဏ်ရာရတယ် မီနီအိုးဝေနဲ့ ဆိုင်ကယ် (၂) စီးက ပျက်စီးမှုသိပ်မရှိခဲ့ပါဘူး။ ကားခေါင်းပိုင်းကတော့ ပျက်စီးမှုရှိတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည့် ဆိုင်ကယ်မောင်းသူအား မဏီစလလူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Photo-မဏီစလအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here