မြန်မာဘောလုံးအသင်းများ၏ နိုင်ငံတကာပွဲစဉ်များကြောင့် ရပ်နားထားသည့် မြန်မာနေရှင်နယ်လိဂ် ယနေ့ ပြန်လည်ကျင်းပမည်

0
273

မြန်မာဘောလုံးအသင်းများ၏ နိုင်ငံတကာပွဲစဉ်များကြောင့် ရပ်နားထားသည့် မြန်မာနေရှင်နယ်လိဂ် ယနေ့ အောက်တိုဘာ (၂၀) ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၂၃ ကို အာရှအားကစားပြိုင်ပွဲနှင့် World Cup ခြေစစ်ပွဲစသည့် နိုင်ငံတကာပြိုင်ပွဲများအတွက် လိဂ်ပြိုင်ပွဲကို ရပ်နားထားခဲ့ရခြင်းဖြစ်သည်။

ယနေ့တွင် မြ၀တီအသင်းနှင့် ဧရာ၀တီယူနိုက်တက်တို့သည် YUSC ကွင်း၌လည်းကောင်း၊ ရတနာပုံအသင်းနှင့် မဟာယူနိုက်တက်တို့သည် သု၀ဏ္ဏကွင်း၌ လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ (FIFA World Cup Qualifiers 2026) ဒုတိယအဆင့်ပွဲစဉ်များကို နိုဝင်ဘာလအတွင်းဂျပန်၊မြောက်ကိုးရီးယား၊ဆီးရီးယားစသည့် အာရှအင်အားကြီးအသင်းများနှင့် တွေ့ဆုံယှဉ်ပြိုင်သွားရမည်ဖြစ်သည့်အတွက် နို၀င်ဘာလအတွင်း မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အချို့ကို ရပ်နားထားရဦးမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here