ရွှေတိဂုံဘုရားနှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် မြေအောက် လူကူးဥမင်လမ်းဖောက်မည်

0
287

မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား (၂) စင်းပါဝင်သည့် မြေအောက်လမ်းကူးလူသွားဥမင်အား ရန်ကုန်တိုင်း၊ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်အားဆက်သွယ်နိုင်ရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင်အား ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ သွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရေးနှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ် ပေါက်လာစေရန်ရည်ရွယ်၍ ရန်ကုန်မြို့တော်စည်ပင်မှ ကြီးကြပ်ကာတည်ဆောက်သွားရန် စီစဉ်နေခြင်း ဖြစ်သည်။

အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်သည် အကျယ် (၂၃) ပေ၊ အလျား (၄၆၁) ပေ (၉) လက်မ၊ဝင်/ထွက်ပေါက် (၄) ခု၊ရွေ့လျားစက်လှေကား (၄) စင်း၊ မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား (၁၀) ယောက်စီး (၂) စင်းပါဝင်ကာ စီမံကိန်းကာလ (၁၄)လခန့်ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင်တည်ဆောက်ခြင်း မြေသန့်မင်္ဂလာအခမ်းအနားကို အောက်တိုဘာ (၁၉) ရက် နံနံက်ပိုင်းကကျင်းပရာ သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တ သီရိန္ဒ ဒဂုံမြို့နယ်အလံပြကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်သလို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here