နိုင်ဂျီးရီးယား၌ ရင်းနှီးမြှုပ်နှံမှုများပိုမိုပြုလုပ်မည်ဟု သမ္မတရှီဆို

0
230

အာဘူးရ်ဂျာ၊အောက်တိုဘာ ၂၀

နိုင်ဂျီးရီးယားနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်လုပ်ဆောင်ရန် တရုတ်သမ္မတက အောက်တိုဘာ ၁၉ ရက်တွင် ကတိပြုခဲ့ကြောင်း နိုင်ဂျီးရီးယားဒုတိယသမ္မတရုံးက ပေကျင်း၌ ပြုလုပ်သည့်ရပ်ဝန်းနှင့်လမ်းမဖိုရမ် အပြီးတွင် ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယား နိုင်ငံတော် သိပ္ပံနှင့်အင်ဂျင်နီယာ အခြေခံအဆောက်အဦ အေဂျင်စီသည် မိတ်ဖက် တရုတ်နိုင်ငံသားသုံးဦးနှင့် အမေရိကန်ဒေါ်လာ ၂ ဘီလျံ တန်ဖိုးရှိသော စီမံကိန်းအသစ်အတွက် စာချုပ်များ ချုပ်ဆိုခဲ့ကြောင်းလည်း ဒုတိယ သမ္မတရုံးကပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားသည် နှေးကွေးသောတိုးတက်မှုကြောင့် အကြွေး‌ထူပြောခြင်း၊ငွေကြေးဖောင်းပွမှု မြင့်မားခြင်းနှင့် အလုပ်လက်မဲ့များပြားခြင်းတို့ဖြစ်ပေါ်လျက်ရှိနေသော အာဖရိက၏စီးပွားရေးကိုမြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံသည် ယခင်ကတည်းက နိုင်ဂျီးရီးယားရှိ ရထားလမ်းစီမံကိန်းများနှင့် ဘော်နီကျွန်းရှိ နိုင်ဂျာမြစ်ဝကျွန်းပေါ်ဒေသ၌ ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန်လည်း ကတိပြုခဲ့သည်။

China Exim Bank နှင့် နိုင်ဂျီးရီးယားပါလီမန်တို့မှ ခွင့်ပြုချက်ရပြီးဖြစ်သော်လည်း အဆိုပါစီမံကိန်းများသည် ချေးငွေထုတ်ပေးမှုကို စောင့်ဆိုင်းနေဆဲဖြစ်သည်ဟုလည်းသိရသည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here