ချောင်းသာကမ်းခြေတွင် သီတင်းကျွတ်ပွဲတော်အကြို ဈေးရောင်းပွဲတော်ကို(၂) ရက်ကျင်းပမည်

0
226

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ရှိ ချောင်းသာကမ်းခြေတွင် သီတင်းကျွတ်ပွဲတော်အကြို ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး MSME လုပ်ငန်းများ ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုထွက်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ချောင်းသာကမ်းခြေတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနတွင် ဖော်ပြချက်အရ သိရသည်။

အဆိုပါ လက်မှုထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း MSME မှ ပြည်ပအထိတင်ပို့ရောင်းချလျက်ရှိသော လက်မှုထွက်ကုန်ပစ္စည်းများနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ဒေသထွက် လက်မှုထွက်ကုန်များနှင့် စားသောက်ကုန်များကို ခင်းကျင်းပြသရောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သီတင်းကျွတ်ပွဲတော်အကြို ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကို အောက်တိုဘာ (၂၁) ရက်နှင့် အောက်တိုဘာ (၂၂) ရက်တို့တွင် (၂) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသီတင်းကျွတ်ပွဲတော်အကြို ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်သို့ မည်သူမဆို လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here