YUPT သည် ၂၀၂၄ ခုနှစ်တွင် အစုရှယ်ယာအမြတ်ခွဲဝေပေးရန် လျာထား

0
193

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရှယ်ယာအများဆုံး ထည့်ဝင်ထားသည့် YUPT မှလာမည့် ၂၀၂၄ ခုနှစ်တွင် အစုရှယ်ယာအမြတ်ခွဲဝေပေးရန် လျာထားကြောင်း ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးအောင်ဝင်းကပြောသည်။

YUPT ၏ စတုတ္ထ အကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် မီဒီယာများ၏မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကုမ္ပဏီအနေနဲ့ အစုရှယ်ယာခွဲဝေပေးတယ်ဆိုတာ ကုမ္ပဏီက အမြတ်ငွေရမှသာလျှင် အစုရှယ်ယာအမြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၄ ခုနှစ်လောက်ကစပြီး အစုရှယ်ယာခွဲပေးနိုင်မယ်လို့  ခန့်မှန်းထားတယ်”ဟု ၎င်းကဆိုသည်။

YUPT အနေဖြင့် အစုရှယ်ယာတစ်စုလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် အစုရှယ်ယာရှင် (၂၈၈) ဦး၏ ရင်းနှီးငွေကျပ် ၅ ဒသမ ၆၃၄၄ ဘီလီယံကျပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြန်မာငွေကျပ် ၃၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

YUPT သည် အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းကာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ကုမ္ပဏီမှတ်ပုံတင်ခွင့်ရရှိထားသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here