လုပ်ငန်းခွင်အတွင်း ထိခိုက်‌ေ-သဆုံးခဲ့သည့် မောင်ဇော်လင်းထက်၏ နစ်နာကြေးငွေအား မိဘများထံသို့ပေးအပ်

0
209

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလတွင် လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကားတိမ်းမှောက်၍ ‌ေ-သဆုံးခဲ့သည့် မောင်ဇော်လင်းထက်၏ နစ်နာကြေးငွေအား မိဘများထံသို့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက အသိပေးထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နယ်မှ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ Evergrowing Resources Recycling (Thailand) Co., Ltd သို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား မောင်ဇော်လင်းထက်သည် လုပ်ငန်းခွင်အတွင်းယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ‌ေ-သဆုံးသူ မောင်ဇော်လင်းထက်၏ ကျန်ရစ်သူမိသားစုဝင်များမှ နစ်နာကြေး အကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေးအတွက် အလုပ်သမား သံအရာရှိရုံးမှ ဆောင်ရွက်ပေးခဲ့ရာ မောင်ဇော်လင်းထက်၏ မိခင်ဖြစ်သူ ဒေါ်ခင်ပြုံး အတွက် ချာချင်ဆောင်မြို့ လူမှုဖူလုံရေးရုံးမှ နစ်နာကြေးငွေ ဘတ် (၁,၀၁၇,၂၄၄.၂၂ တိတိ) အား ၂၀၂၃ ခုနှစ် အောက်တိုဘာ (၄) ရက်နှင့် (၁၀) ရက်တို့တွင် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နစ်နာကြေးငွေများကို အလုပ်သမားသံအရာရှိရုံးမှ မိခင်ဖြစ်သူ ဒေါ်ခင်ပြုံး၏ လက်ဝယ်သို့ အောက်တိုဘာ (၁၉) ရက်တွင် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမားများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီး၏ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here