ဝိုင်းမော်တွင် ဆောက်လုပ်ရေးလုပ်သား (၃၅) ဦး လိုက်ပါလာသည့် (၁၂) ဘီးယာဉ် တိမ်းမှောက်ကာ သေဆုံးသူနှင့် ဒဏ်ရာရသူ များပြား

0
243

ကချင်ပြည်နယ်၊ ဟိုပင်မြို့မှ ဆောက်လုပ်ရေးလုပ်သား (၃၅) ဦးကို တင်ဆောင်လာသည့် (၁၂) ဘီးယာဉ်တစ်စီး ဝိုင်းမော်မြို့နယ်၊ ရှငေါ်ကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာ (၂၀) ရက် နေ့လယ်ပိုင်းက တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မွန်မြတ်စေတနာလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ နေ့လယ် (၁) နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် (၃) ဦး ‌ေ-သဆုံးကာ လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကနဦး သိရသည်။

ကနဦးအနေဖြင့် ယာဉ်အောက်တွင် ပိမိနေသည့် ‌ေ-သဆုံးသူ(၃)ဦးကို ယာဉ်အောက်မှ ဆွဲထုတ်ကာ ထိခိုက်ဒဏ်ရာရရှိသူများကို နောင်တာလောကျေးရွာမှ မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းယာဉ်နှင့် ဆေးရုံသို့ ကူညီပို့‌ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသည့် လူနာ (၄) ဦးအား မြစ်ကြီးနားမြို့ ပြည်သူဆေးရုံကြီးသို့ ဆက်လက်ကူညီ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အောက်၌ ကွယ်လွန်သူများရှိနေသေးသည့်အတွက် ကွယ်လွန်သူအရေအတွက် များနိုင်ကြောင်းလည်း အခင်းဖြစ်နေရာသို့ရောက်ရှိနေသည့် လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

ထို့အပြင် ကျန်ရှိနေသေးသည့် လူနာများအား ကူညီနိုင်ရန် အသင်းပိုင်ယာဉ် (၃)စီးဖြင့် ရှငေါ်ကျေးရွာသို့ ဆက်လက်ထွက်ခွာသွားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here