ဗန်းမော်မြို့ရှိ “အောင်သီရိ” စိန်၊ ရွှေရတနာရောင်းဝယ်ရေးဆိုင်အား အမျိုးသား (၆) ဦးမှ ဓ-ားပြဝင်တိုက်

0
407

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ အရှေ့ညောင်ပင်ရပ်ကွက်ရှိ “အောင်သီရိ” စိန်၊ ရွှေရတနာ ရောင်းဝယ်ရေးဆိုင်အား အမျိုးသား (၆) ဦးမှ ယနေ့ အောက်တိုဘာ (၂၀) ရက်နံနက်ပိုင်းက ဝင်ရောက်ဓ-ားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၉) နာရီခန့်က Mask များတပ်ဆင်ထားသည့် အမည်မသိအမျိုးသား (၆) ဦးသည် ဗန်းမော်မြို့၊ အရှေ့ညောင်ပင်ရပ်ကွက်ရှိ “အောင်သီရိ” စိန်၊ရွှေရတနာရောင်းဝယ်ရေးဆိုင်သို့ ဆိုင်ကယ် (၃) စီးဖြင့် ရောက်ရှိလာကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာပြီးနောက် ဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသမီးအား အသင့်ပါလာသည့် ‌ေ-သနတ်ဖြင့်ထောက်၍ မှန်ပုံးများအတွင်းရှိ ရွှေထည်ပစ္စည်းများအား ယူဆောင်ကာ ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ဓ-ားပြတိုက်သွားသူ (၆) ဦးအား ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here