ABU DHABI MASTERS 2023 တွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည့် သက်ထားသူဇာ

0
313

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ABU DHABI MASTERS 2023 တွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ကြောင်းသိရသည်။

သက်ထားသူဇာသည် UAE နိုင်ငံ၏မြို့တော် အဘူဒါဘီမြို့တွင် အောက်တိုဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် ABU DHABI MASTERS 2023 တွင်၀င်ရောက်ယှဥ်ပြိုင်နေခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ အထိ ချီးမြှင့်သွားမည် ဖြစ်‌ကြောင်း သိရသည်။

သက်ထားသူဇာသည် ကွာတားဖိုင်နယ်အဆင့်တွင် ကမ္ဘာ့အဆင့် ၃၁၀ ရှိ အိန္ဒိယ နိုင်ငံသူ Shriyanshi VALISHETTY နှင့် ယှဉ်ပြိုင်ကစားရာ ၂၁ မှတ် ၁၄ မှတ်၊ ၂၁ မှတ် ၁၄ မှတ်ဖြင့် အနိုင်ရပြီး ဆီမီးဖိုင်နယ်သို့တက်ရောက်သွားခြင်းလည်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရသက်ထားသူဇာသည် (၃၂) ဦးအဆင့်မှစတင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး UAE နိုင်ငံသူ Sanika DhawaGURAV၊ လူဇင်ဘတ်နိုင်ငံသူ Kim SCHMIDT နှင့် အိန္ဒိယ နိုင်ငံသူ Shriyanshi VALISHETTY တို့ကို အမှတ်ပြတ်အနိုင်ယူထားကြောင်း သိရသည်။

သက်ထားသူဇာသည် ဆီမီးဖိုင်နယ်အဆင့်တွင် ကမ္ဘာ့အဆင့် ၁၁၄ ရှိ ဟောင်ကောင်ကြက်တောင်မယ် Yeung Sum Yee နှင့် မနက်ဖြန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here