YUPT ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့တွင်း၌ လျှပ်စစ်ဘတ်စ်ကားများဖြင့် ပြေးဆွဲနိုင်‌ရေး ကြိုးပမ်းမည်ဟုဆို

0
270

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) အနေဖြင့် လျှပ်စစ်ဘတ်စ်ကားများဖြင့် ပြောင်းလဲပြေးဆွဲနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားသည်။

ယနေ့ အောက်တိုဘာ (၂၀) ရက်တွင် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

” ယာဉ်အစီးရေကတော့ လက်တလောအနေနဲ့က ထပ်ဖြည့်စရာ အကြောင်းမရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ လက်ရှိနိုင်ငံတော်ကလည်း လျှပ်စစ်ကားများကိုလည်း ပြေးဆွဲရေးအတွက် နိုင်ငံတော်အစိုးရ ကိုယ်တိုင်က ချမှတ်တဲ့အတွက်ကြောင့်မို့ YUPT ကုမ္ပဏီအနေနဲ့လည်း နောက်ပိုင်းတွေမှာ လျှပ်စစ်ကား ပြေးဆွဲနိုင်အတွက်ကိုပဲ ကြိုးပမ်းဆောင်ရွက်ရဦးမယ်ဖြစ်ပါတယ်”ဟု ဦးအောင်ဝင်းက ပြောသည်။

YUPT အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အစု ရှယ်ယာတန်ဖိုးကျပ် ၃၄ ဘီလျံကျော်ဖြင့် ၉၂ ရာခိုင်နှုန်းကျော်အထိ ပိုင်ဆိုင်ထားခြင်းဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် YBS ယာဉ်များတွင် လျှပ်စစ်ကားများ ထည့်သွင်းပြေးဆွဲနိုင်ရေး ကြိုးပမ်းမည်ဖြစ်သော်လည်း မည်သည့်အချိန်တွင် လျှပ်စစ်ဘတ်စ်ကားများဖြင့် တိုးချဲ့ပြေးဆွဲနိုင်မည်ကိုတော့ လက်တလောတွင် မသိရှိရသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

YUPT ကုမ္ပဏီလက်အောက်တွင်ယာဉ်လိုင်းပေါင်း (၂၅) လိုင်းနှင့် ယာဉ်အစီးရေ (၆၉၉) စီးဖြင့် ခရီးသွားပြည်သူများကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here