၉ ရက်ကြာကျင်းပမည့်၂ဝ၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်

0
233

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲအား နေပြည်တော်ရှိ မဏိရတနာကျောက် စိမ်းခန်းမ၌ အောက်တိုဘာ ၂၀ ရက်နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်ပြသရောင်းချလျက်ရှိရာ ပြပွဲ၏ဖွင့်ပွဲအခမ်းအနားအား နစက ဥက္ကဋ္ဌ တက်ရောက်ခဲ့သည်။

နစက ဥက္ကဋ္ဌမှ ကျောက်မျက်ရတနာပြပွဲများကျင်းပရောင်းချခဲ့မှု၊ မြန်မာ့ပုလဲများထုတ်လုပ်မှုနှင့်ရောင်းချနိုင်မှု၊ကျောက်မျက်ရတနာပစ္စည်းများထုတ်လုပ်မှုနှင့် ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းတို့ကိုကြည့်ရှုပြီးနောက် ပြပွဲ၌ရောင်းချရန် ပြသထားသည့် ကျောက်စိမ်း၊ကျောက်မျက်အတွဲများနှင့်ပုလဲအ တွဲများကို ကြည့်ရှုခဲ့သည်။

ပြပွဲတွင် ပုဂ္ဂလိကကျောက်မျက် ရတနာအချောထည်အရောင်းပြခန်းများနှင့် မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက်တွင် ခင်းကျင်းပြ သထားသည့် ကျောက်စိမ်းရိုင်းအတွဲများကိုလည်း ဧည့်သည်​များကကြည့်ရှုခဲ့ကြသည်။

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း(၃၀၀)၊ကျောက်မျက်အ တွဲပေါင်း(၁၆၀)နှင့်ကျောက်စိမ်းအတွဲပေါင်း (၄၀၂၅)တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကာ ပုလဲအတွဲနှင့်ကျောက်မျက်အတွဲတို့ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားကာ ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာကုန်သည် အမေရိကန်ဒေါ်လာ၊ယူရို၊ယွမ်၊ထိုင်းဘတ်တို့ဖြင့်လည်း​ကောင်း၊ ပြည်တွင်းရတနာကုန် သည်များသည် ကျပ်ငွေဖြင့်ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။

ထို့ပြင် ကျောက်စိမ်းတွဲများရောင်းချရာ၌ အုပ်စု (၃)စုခွဲထားပြီး နိုင်ငံခြားငွေရရှိရန်အတွက် ကျောက်စိမ်းအတွဲအုပ်စု(အေ) နှင့်(ဘီ)၊ MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်အတွက် အုပ်စု (စီ)တို့အဖြစ် သတ်မှတ်ထားကာ ကျောက် စိမ်းအတွဲ(၅၀၀)ပါဝင်သည့် အုပ်စု(အေ)ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ပြည်ပနှင့်ပြည်တွင်းတို့မှ ရတနာကုန်သည် များပါ အမေရိကန်ဒေါ်လာ၊ယူရို၊ယွမ်၊ထိုင်းဘတ်တို့ဖြင့် ပေးချေဝယ်ယူရမည်ဖြစ်သည်။

ကျောက်စိမ်းအတွဲ(၁၇၃၃)တွဲပါဝင်သည့် အုပ်စု (ဘီ)ကို အမေရိကန်ဒေါ်လာဖြင့်ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်များ သည် နိုင်ငံခြားငွေ၊ပြည်တွင်းရတနာကုန်သည်များသည် ကျပ်ငွေ(သို့) နိုင်ငံခြားငွေတို့ဖြင့် ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။

ထို့ပြင် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်ရည်ရွယ်ရောင်းချသည့် ကျောက်စိမ်းအ တွဲ(၁၇၉၂)တွဲပါဝင်သည့် အုပ်စု (စီ)ကို ကျပ်ငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ပြည်တွင်းရတနာကုန်သည်များကသာ ကျပ်ငွေဖြင့် ပေးချေဝယ်ယူခွင့်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်အထိ ၉ ရက်ကြာ ခင်းကျင်းပြသရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here