မိတ္ထီလာမြို့၌ (၅၃)ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲနှင့်ဆွမ်းသပိတ်လောင်းလှူပွဲကျင်းပမည်

0
117

မန္တလေးတိုင်း၊မိတ္ထီလာမြို့၊နန်းတော်ကုန်းရပ် ကွက်ရှိ နဂါးရုံမဟာဗောဓိစေတီတော်၌ (၅၃)ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲနှင့်ဆွမ်းသပိတ်လောင်းလှူပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မသိုးသင်္ကန်းရက်ပြိုင်ပွဲအား နိုဝင်ဘာ ၂၆ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်)ညနေပိုင်းမှစတင်ကာ ယက္ကန်းစင် ၄ စင်ဖြင့် အမျိုးသမီးယက္ကန်းအဖွဲ့ ၄ ဖွဲ့မှယှဥ်ပြိုင်သွားမည်ဖြစ်ကာ ရရှိလာသည့် မသိုးသင်္ကန်းများအား နိုဝင်ဘာ ၂၇ ရက် (တန်ဆောင်မုန်းလပြည့်နေ့)နံနက်အစောပိုင်း၌ နဂါးရုံမဟာဗောဓိစေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နံနက် ၅ နာရီမှစတင်ကာ မြို့နယ်အတွင်းရှိကျောင်းတိုက်များမှ ပင့်သံဃာတော်များအား နဂါးရုံမဟာဗောဓိစေတီတော်ဝင်းအတွင်းရှိ ပညာဓိကတန်ဆောင်းအတွင်း၌ ဆွမ်းသပိတ်များဆက်ကပ်လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဆွမ်းသပိတ်လောင်းလှူလိုသည့် အလှူရှင်များအနေဖြင့် နဂါးရုံမဟာဗောဓိစေတီတော် ဂေါပကအဖွဲ့ထံ ဆက်သွယ်စာရင်းပေးလှူဒါန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here