တွဲကားနှင့် ၁၂ ဘီးကားခွာမရအောင်တိုက်ချက်ပြင်းခဲ့သည့်ယာဥ်တိုက်မှု အုတ်တွင်းမြို့နယ်တွင်ဖြစ်ပွား၊ ၁၂ ဘီးကားမောင်းသူ‌ေ-သဆုံး

0
252

ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ်ရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် အောက်တိုဘာ ၂၀ ရက်ညပိုင်းက အအေးကဒ်နှင့်ရေကဒ်များသယ်လာသည့် ၁၂ ဘီးကားမှ တွဲကား၏နောက်ပိုင်းကိုဝင်တိုက်မိခဲ့ကြောင်း ရင်ခုန်သံရှင်/ကူအသင်းမှ သိရသည်။

ယမန်နေ့ည ၁၁ နာရီခွဲခန့်က အုတ်တွင်းမြို့နယ်၊အင်ဒိုင်းကျေးရွာရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းပေါ်တွင် အအေးကဒ်နှင့်ရေကဒ်များသယ်လာသည့် ၁၂ ဘီးကားမှ ကြက်စာများတင်လာသည့် တွဲကား၏နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“တိုက်ချက်ကအတော်ပြင်းတယ် တိုက်မိတဲ့အရှိန်နဲ့ ၁၂ ဘီးကားခေါင်းခန်းက နှစ်ခြမ်းကွဲသွားတယ် ကားမောင်းတဲ့လူကခေါင်းခန်းထဲမှာညပ်သွားတယ် အခင်းဖြစ်တဲ့နေရာကိုရောက်တဲ့အချိန်မှာ ကားမောင်းတဲ့လူက အသက်ရှိသေးတယ် ကြိုးစားပြီး ကယ်ဆယ်ရေးလုပ်နေတဲ့အချိန် ည ၁၂ နာရီခွဲလောက်မှာ‌ေ-သဆုံးသွားတာပါ တိုက်ချက်ပြင်းတဲ့အတွက် အောက်တိုဘာ ၂၁ ရက်မနက် ၄ နာရီအချိန်အထိ De@d Body ကို အပြင်ထုတ်လို့မရသေးဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ကားခေါင်းခန်းအတွင်းညပ်၍ ‌ေ-သဆုံးသွားသည့် ၁၂ ဘီးကားမောင်းသူ၏ ရုပ်အလေ-ာင်းအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လုံခြုံရေးအဖွဲ့ဝင်များ၊တာဝန်ရှိသူများနှင့်ရင်ခုန်သံရှင်/ကူအသင်းတို့မှ ကယ်ဆယ်ရေးပစ္စည်းအစုံဖြင့် သယ်ထုတ်ရန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် တိုက်မိသည့်အရှိန်ပြင်းထန်သဖြင့် တွဲကားနှင့် ၁၂ ဘီးကားတို့မှာ ခွာထုတ်၍မရဖြစ်နေသောကြောင့် ကရိန်းကားအကူအညီရယူကာ ကားချင်းခွာထုတ်ပြီး ရုပ်အလေ-ာင်းအား သယ်ယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo-ရင်ခုန်သံရှင်/ကူအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here