မြန်မာလက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်၏ အုပ်စုပွဲစဥ်ဇယားထွက်ပေါ်

0
326

မြန်မာလက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်၏ အုပ်စုပွဲစဥ်ဇယားထွက်ပေါ်လာပြီး အုပ်စုအဖွင့်ပွဲစဥ်အဖြစ် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ (FIFA World Cup Qualifiers 2026) ဒုတိယအဆင့်ပွဲစဉ်အချို့ကို လာမည့် နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု(ခ) တွင် ဂျပန်၊ ဆီးရီးယားနှင့် မြောက်ကိုရီးယားတို့နှင့် ကျရောက်နေပြီး အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲတွင် အဖွင့်ပွဲစဥ်အဖြစ်နိုဝင်ဘာလ ၁၆ ရက်တွင် ဂျပန်အသင်းကို အ‌ဝေးကွင်း၊ နိုဝင်ဘာလ ၂၁ ရက်တွင် မြောက်ကိုးရီးယားကို အိမ်ကွင်း၊ ၂၀၂၄ မတ်လ ၂၁ ရက်တွင် ဆီးရီးယားကိုအိမ်ကွင်း၊ မတ်လ ၂၆ ရက်တွင် ဆီးရီးယားကိုအဝေးကွင်း၊ ဇွန်လ ၆ ရက်တွင် ဂျပန်ကို အိမ်ကွင်း၊ ဇွန်လ ၁၁ ရက်တွင် မြောက်ကိုးရီးယားကို အဝေးကွင်းယှဉ်ပြိုင်သွားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here