ယူကရိန်းစီးပွားရေး ပြိုလဲမယ့်အန္တရာယ်ကို အမေရိကန်နှင့် အီးယူက သတိပေး

0
264

ယူကရိန်းနိုင်ငံ စီးပွားရေး ပြိုလဲမယ့် အန္တရာယ်များကို ဥရောပသမဂ္ဂနှင့်အမေရိကန်တို့က ဝါရှင်တန်တွင် ကျင်းပခဲ့သည့် အီးယူ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် သတိပေးထားသည်။

နိုင်ငံရေး၊ ဘဏ္ဍာရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် စစ်ရေးအရ ပံ့ပိုးကူညီမှုတွင် ယူကရိန်းအတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ရေရှည်ကူညီမှုများမှာမူ မယိမ်းမယိုင်ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယူကရိန်းစီးပွားရေး ပြိုကျစေရန် ရုရှား၏ကြိုးပမ်းမှု မအောင်မြင်နိုင်ကြောင်း သေချာစေရေးအတွက် အရေးတကြီး လိုအပ်ချက်များကို အသိအမှတ်ပြုပြီး ယူကရိန်းအတွက် ဦးစားပေး ဖြည့်ဆည်းပေးရေးအတွက် ကူညီပေးရန် ကျွန်ုပ်တို့၏ ကြိုးပမ်းမှုများကို အရှိန်မြှင့်ပေးနေသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here