ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ တပ်မတော်စခန်းများအား KIA အဖွဲ့က အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်

0
219

အောက်တိုဘာ ၁၉ ရက်နံနက် ၆ နာရီခွဲခန့်က KIA တပ်မဟာ(၆)၏ လက်အောက်ခံအဖွဲ့နှင့်ပူးပေါင်းအဖွဲ့များမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ တပ်မတော်၏ နမ့်ကွတ်စခန်းအား နေရာ(၃)နေရာမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

လွန်ခဲ့​သော ရက်များဆီက အောက်တိုဘာလ ၉ ရက်ညသန်းခေါင်ယံအချိန်၌ လိုင်ဇာမြို့နှင့် (၂)မိုင်ခန့်သာ ကွာဝေးသော မုန်လိုင်ခက်စစ်ရှောင်စခန်း၌ ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မ​တော်မှလုပ်​ဆောင်မှု ဟု​ပြောဆိုမှုများရှိခဲ့သည်။ထို​ပြောဆိုချက်ကို ဗိုလ်ချုပ်​ဇော်မင်းထွန်းက “ဒီပေါက်ကွဲမှုသည်ဘာကြောင့်ဖြစ်တယ်ဆိုတာကျွန်တော်တို့စုံစမ်းနေဆဲပဲဖြစ်တယ်”ဟုတုန့်ပြန်ခဲ့ဖူးသည်။ထိုသို့အပြန်အလှန်အငြင်းပွား​နေရာမှ ၁၉ရက်​နေ့တိုက်ပွဲ သတင်းထွက်​ပေါ်လာခြင်းဖြစ်သည်။

၁၉ရက်​နေ့တိုက်ခိုက်မှုအား ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း KIA အဖွဲ့၏အင်အားများပြားလာမှုကြောင့် စစ်ကူစစ်ကြောင်းများမရောက်မီ ညနေ ၄ နာရီခွဲခန့်တွင် စခန်းမှခေတ္တဆုတ်ခွာခဲ့ပြီး စစ်ကူစစ်ကြောင်းများဖြင့် ပြန်လည်ပူးပေါင်းကာ စခန်းအားပြန်လည်သိမ်းပိုက်နိုင်ရန် ဆောင်ရွက်ခဲ့ကြသည်ဟုဆိုသည်။

ထို့ပြင် လေကြောင်းပစ်ကူ၊အမြောက်ပစ်ကူတို့ဖြင့် KIA တပ်မဟာ(၆)နေရာအား တန်ပြန်တိုက်ခိုက်ခဲ့ရာ KIA အဖွဲ့၏ ကာကင်းနေရာတစ်ခုအား KIA အဖွဲ့ဝင်ရုပ်အလေ-ာင်းအချို့နှင့်အတူ သိမ်းဆည်းရရှိခဲ့ကြောင်းထုတ်ပြန်ထားသည်။

ထို့အတူ KIA ဌာနချုပ် လိုင်ဇာ၏ရှေ့ကာနေရာဖြစ်သည့် မိုက်ဆာပါတွင် အခြေပြုလျက်ရှိသော KIA အဖွဲ့များမှ ဝိုင်းမော်မြို့နယ်၊နန်ဆန်ယန်ရွာအနီးရှိ တပ်မတော်၏ လဲလုံစခန်းအား ဇူလိုင် ၈ ရက်မှစ၍ အောက်တိုဘာ ၂၀ ရက်အထိ (၈၁)ကြိမ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

ထိုသို့ တိုက်ခိုက်မှုအား လုံခြုံရေးအဖွဲ့ဝင်များက အမြောက်နှင့်လေကြောင်းပစ်ကူရယူ၍ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၂၀ ရက်နေ့လည် ၃ နာရီခန့်တွင် KIA အဖွဲ့ဝင်အင်အားများပြားလာ၍ စခန်းမှခေတ္တဆုတ်ခွာပေးလိုက်ရသဖြင့် စစ်ကူစစ်ကြောင်းများဖြင့်ပူးပေါင်းကာ အဆိုပါစခန်းအား အမြန်ဆုံးပြန်လည်သိမ်းပိုက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here