City Taxi ယာဉ်များ အဝါရောင်လိုင်းကပ်ခြင်းကို YRTC မှ အကုန်ကျခံကာ နိုဝင်ဘာ (၁) ရက်မှ စတင်လုပ်ဆောင်ပေးမည်

0
298

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် City Taxi ယာဉ်များ အခြား ယာဉ်များနှင့် ကွဲပြားစေရန် အဝါရောင်လိုင်းကပ်ခြင်းကို နိုဝင်ဘာ (၁) ရက်မှ စတင်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အဝါရောင်လိုင်းကပ်သည့် သတ်မှတ် ဒီဇိုင်းအတိုင်း ညှပ်ခ အပါအဝင် စတေကာတန်ဖိုး ၅၀၀၀ ကျပ်ကို နိုဝင်ဘာ ၁ ရက်မှ ၃ လအတွင်း YRTC က ကျခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ City Taxi ယာဉ်များ ဘေးနှစ်ဖက် ကိုယ်ထည်တွင် အဝါရောင်လိုင်းကပ်ရန် လာမည့် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အငှားယာဉ် ဘေးနှစ်ဖက် ကိုယ်ထည်တွင် အဝါရောင်လိုင်း အနံ ၅ လက်မခန့်ရှိ အလျားလိုက်လိုင်း စတေကာဖြင့် ယာဉ်၏ ရှေ့မီးခွက်အောက်မှ နောက်မီးခွက်အောက်အထိ ကပ်ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here