ရန်ကုန်တိုင်း၌ ၉ လအတွင်း ယာဥ်တိုက်မှု ၆၄ မှုဖြစ်ပွားပြီး ၃၁၉ ဦး‌ေ-သဆုံးခဲ့

0
137

ရန်ကုန်တိုင်း၌ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလမှစက်တင်ဘာလအထိ ၉ လအတွင်း ယာဥ်တိုက်မှု ၆၄ မှုဖြစ်ပွားပြီး ၃၁၉ ဦး‌ေ-သဆုံးခဲ့ကာ ၆၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၏ ပြောကြားချက်အရ သိရသည်။

အောက်တိုဘာ ၁၇ ရက်နံနက်ပိုင်းကကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီနှင့်ဆပ်ကော်မတီ ၄ ခု၏ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Yangon Road Safety Committee (YRSC)မှ တာဝန်ရှိသူများအနေဖြင့် Road Safety ထိရောက်အောင်မြင်ရန် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကိုသိရှိသော ကျွမ်းကျင်ယာဉ်မောင်းများကိုသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးရမည်ဖြစ်ကာ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများနှင့် လမ်းအသုံးပြုသူများကို အမြဲမပြတ်စစ်ဆေး အရေးယူရမည်ဟု မှာကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်း၌ ဇန်နဝါရီလမှစက်တင်ဘာလအထိ ၉ လအတွင်း ယာဉ်တိုက်မှု ၆၄ မှုဖြစ်ပွားခဲ့ကာ ‌ေ-သဆုံးသူ ၃၁၉ ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၆၅၇ ဦးရှိခဲ့၍ ယာဉ်တိုက်မှုများ၊‌ေ-သဆုံးမှုများနှင့်ဒဏ်ရာရမှုများ အမှန်တကယ်လျော့ကျသွားစေရန်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့အတူ ယာဉ်တိုက်မှုကျူးလွန်သည့် အပြစ်ရှိသူများကို တရားဥပဒေအရထိရောက်သော ပြစ်ဒဏ်များချမှတ်နိုင်ရန်လည်း ဆောင်ရွက်ရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here