ရောဂါပျောက်ကင်းစေနိုင်သည်ဟူသော ကောလာဟလကြောင့် ဒေသခံများ အလုအယက် ရေသွားချိုးနေသည့် ကျောက်မဲမြို့မှ တောင်ကျရေချိုးသည့် နေရာကို ပိတ်ပင်

0
347

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်မဲ-မိုင်းငေါ့လမ်း နမ့်မန်းရွာရှိ ရောဂါပျောက်ကင်းသည် ဆိုပြီး နတ်ရေစင်ဟုဆိုကာ တောင်ကျရေချိုးကြသည့် နေရာကို ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ကျောက်မဲမြို့နယ် ကျောက်မဲ-မိုင်းငေါ့လမ်း နမ့်မန်းရွာရှိ ရောဂါပျောက်ကင်းသည်ဆိုပြီး နတ်ရေစင်ဟုဆိုကာ တောင်ကျရေချိုးကြသည့် တစ်နေရာတွင် ဒေသခံများမှ လူစုလူဝေးဖြင့် ရေသွားချိုးကြရာ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေသောကြောင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ကျောက်မဲ-မိုင်းငေါ့လမ်း နမ့်မန်းရွာရှိ တောင်ကျရေ စိမ့်စမ်းရေတစ်ခုဖြစ်ပြီး ရေထွက်ပေါက် (၇)ခုခန့် ရှိကြောင်းနှင့် တောင်ကျရေမှာ ရေချိုးရင် ရောဂါပျောက်ကင်းသည်ဟုဆိုကာ နေ့စဉ် ရေချိုးသူများဖြင့် စည်ကားနေခဲ့ခြင်းဖြစ်သည်။

“၁၉ ရက်နေ့က စပိတ်လိုက်တယ်ပြောတယ်။ အဓိက ကတော့လမ်းပိတ်ဆို့မှုဖြစ်တာရော လူ‌ေ-သမှုအထိ ဖြစ်ခဲ့တာတွေရောကြောင့် ပိတ်လိုက်တယ်ကြားနေတယ်။”ဟု ကျောက်မဲမြို့ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ တောင်ကျရေကို ချိုးပါက လေဖြတ်ရောဂါအပါအဝင် ရောဂါမျိုးစုံ ပျောက်ကင်းကြောင်း သတင်းပြန့်နှံ့ လျက်ရှိရာ ရေလာချိုးကြသူများနှင့် ပွဲလမ်းသဘင်ကဲ့သို့ ရက်သတ္တပတ်အတော်ကြာသည်အထိ စည်းကားနေခဲ့ကြောင်း သိရသည်။

တောင်ကျရေချိုးရသည့် နေရာအနီးတွင် အောက်တိုဘာ ၁၇ ရက်က ဒေါ်မြထွန်း (၄၅)နှစ်မှာ တောင်ကျရေချိုးပြီး အပြန် အတူလာသူ ၄ ဦးနှင့်အတူ ကားပေါ်တက်ရာ ခြေချော်ပြုတ်ကျခဲ့ပြီး ကျန် ၃ ဦးမှာ ပွန်းပဲ့ဒဏ်ရာသာရခဲ့ပြီး ဒေါ်မြထွန်းမှာ ‌ေ-သဆုံးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here