ABU DHABI MASTERS 2023 ဆီမီးဖိုင်နယ်တွင် ရှုံးပွဲကြုံတွေခဲ့သည့် သက်ထားသူဇာ

0
180

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ABU DHABI MASTERS 2023 ဆီမီးဖိုင်နယ်တွင် ရှုံးပွဲကြုံတွေ့ခဲ့ကြောင်းသိရသည်။

သက်ထားသူဇာသည် UAE နိုင်ငံ၏မြို့တော် အဘူဒါဘီမြို့တွင် အောက်တိုဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် ABU DHABI MASTERS 2023 တွင်၀င်ရောက်ယှဥ်ပြိုင်နေခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ အထိ ချီးမြှင့်သွားမည် ဖြစ်‌ကြောင်း သိရသည်။

သက်ထားသူဇာသည် ဆီမီးဖိုင်နယ်အဆင့်တွင် ကမ္ဘာ့အဆင့် ၁၅၂ ရှိ အိန္ဒိယ နိုင်ငံသူ Unnati HOODA နှင့်ယှဉ်ပြိုင်ကစားခဲ့ရာ ၂၁ မှတ် ၁၈ မှတ်၊ ၂၁ မှတ် ၁၂ မှတ်ဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သက်ထားသူဇာသည် ဒိန်းမတ်နိုင်ငံသူ Julie Dawall JAKOBSEM နှင့် ပူးတွဲ တတိယဆုသာ ရရှိခဲသည်။

အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရသက်ထားသူဇာသည် (၃၂) ဦးအဆင့်မှစတင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး UAE နိုင်ငံသူ Sanika DhawaGURAV၊ လူဇင်ဘတ်နိုင်ငံသူ Kim SCHMIDT နှင့် အိန္ဒိယ နိုင်ငံသူ Shriyanshi VALISHETTY တို့ကို အမှတ်ပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်တွင်ရှုံးပွဲကြုံတွေ့ခဲ့ခြင်းလည်းဖြစ်သည်။

သက်ထားသူဇာသည် အင်ဒိုနီးရှားနိုင်ငံတွင် လာမည့် အောက်တိုဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် BNI Indonesia Master ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ဦးမည်ဖြစ်ပြီး ၃၂ ဦးအဆင့်တွင် ကမ္ဘာ့အဆင့် ၁၁၄ ရှိ ဟောင်ကောင်ကြက်တောင်မယ် Yeung Sum Yee နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here